ဆေးလိပ်သောက်ခြင်းနဲ့ COVID-19

ဆေးလိပ်သောက်ခြင်းနဲ့ COVID-19
အခုအချိန်မှာ COVID-19 ကြောင့် အသွားအလာ၊ အနေအထိုင်ကစပြီး အစစအရာရာကို အရမ်းဂရုစိုက်နေရတဲ့အချိန်လေးပါနော်။
နှလုံး (သို့) အဆုတ်ရောဂါရှိတဲ့သူတွေအတွက် ဆိုရင်ပိုပြီးတော့အန္တရာယ်များပါတယ်။
အထူးသဖြင့် ….
ဆေးလိပ်(tobacco products)၊ vape (e-cigarettes) နဲ့ weed သောက်တတ်တဲ့သူတွေဆိုရင်ရောဂါ ပိုပြီးဝင်လွယ်ပါတယ်။
ဆေးလိပ်သောက်တဲ့သူတွေရဲ့အဆုတ်ဟာပြင်ပမှဝင်လာမယ့်ရောဂါကူးစက်မှု ကိုကာကွယ်နိုင်စွမ်းလျော့ကျ စေတာဖြစ်လို့အရမ်းကိုအန္တရာယ်များပါတယ်။
လေ့လာချက်တွေအရတရုတ်ပြည်မှာဆေးလိပ်မသောက်တဲ့သူတွေထက်ဆေးလိပ်သောက်သူတွေမှာရောဂါကူးစက်မှု ရာခိုင်နှုန်း ပိုများတာကိုတွေ့ရပါတယ်။
Vape ဖြစ်ဖြစ် ရိုးရိုးဆေးလိပ်သောက်တာပဲဖြစ်ဖြစ် အဆုတ်နဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကို ကောင်းကျိုးမဖြစ်စေတာကြောင့် ဖြစ်နိုင်ရင် ဆေးလိပ်ထပ်မသောက်ကြဖို့ ဒီဒီကတိုက်တွန်း ချင်ပါတယ်ရှင့်။
Loading...