5 ways for underarm whitening

5 ways for underarm whitening
  1. Lemon

ဆဲလ်သေတေကိုဖယ်ရှားပေးနိုင်တဲ့သံပုရာသီးဟာဆိုရင်ချိုင်းဖြူဖို့အတွက် အထောက်ကူဖြစ်စေပါတယ်။

ပြုလုပ်နည်း ။  ။ သံပုရာသီးချမ်းလေးကိုချိုင်းပေါ်မှာပွတ်ပေးပြီးကျန်တဲ့အရည်ကို10မိနစ် လောက်ထားပေးရပါမယ်။ နောက်တစ်နည်းအနေနဲ့ကတော့သံပုရာသီးချမ်းလေးကိုသကြားမှုန့်လေးကပ်ပြီးချိုင်းကိုပွတ်ပေးရပါမယ်။

တစ်ပတ်ကိုသုံးကြိမ်အနည်းဆုံးပြုလုပ်ပေးရပါမယ်။

  1. Baking Soda

Baking Soda ကိုရေဆူဆူနဲ့ခပ်ပြစ်ပြစ်လေးအနှစ်ဖြစ်အောင်ပြုလုပ်ပြီးချိုင်းပေါ်မှာ ခြောက်တဲ့အထိထားပြီးမှရေဆေးချပေးရပါမယ်။

တစ်ပတ်ကိုသုံးကြိမ်အနည်းဆုံးပြုလုပ်ပေးရပါမယ်။

  1. Co Co nut oil

အုံးဆီမှာသဘာဝဗီတာမင်-E ပါဝင်တာကြောင့်မဲနေတဲ့နေရာကိုသုတ်လိမ်းပေး ပြီးနှိပ်နယ်ပေးရမှာဖြစ်ပါတယ်။ ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပေးပြီးဆပ်ပြာနဲ့ရေနွေးနွေးလေးနဲ့ဆေးချပေးရပါမယ်။ သိသိသာသာထိရောက်မှုရှိချင်ရင်တော့တစ်ရက်ကို၂ကြိမ်မှ၃ကြိမ်ထိပြုလုပ်ပေးရပါမယ်။

  1. Potato

အာလူးကိုခပ်ပါးပါးလေးလှီးပြီးကပ်ပေးရပါမယ်။ နောက်ထပ်နည်းတစ်မျိုးကတော့ အားလူးကိုကြိတ်ပြီးရလာတဲ့အနှစ်ကိုချိုင်းပေါ်မှာသုတ်လိမ်းပေးရမှာဖြစ်ပါ တယ်။ လိမ်းပြီး ၁၅- ၂၀ မိနစ်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချပေးပါ။

သိသာတဲ့ထူးခြားမှုရချင်ရင်တစ်နေ့ကိုနှစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။

  1. Cucumber

သခွားသီးကိုပါးပါးလေးလှီးပြီးကပ်ပေးရပါမယ်။

နောက်ထပ်နည်းတစ်မျိုးကတော့ သခွားသီးကိုကြိတ်ပြီးရလာတဲ့အနှစ်ကိုချိုင်းပေါ်မှာသုတ်လိမ်းပေးရမှာဖြစ်ပါတယ်။ လိမ်းပြီး ၁၅- ၂၀ မိနစ်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချပေးပါ။

သိသိသာသာထိရောက်မှုရှိချင်ရင်တော့တစ်ရက်ကို၁ကြိမ်မှ၂ကြိမ်ထိပြုလုပ်ပေးရပါမယ်။

နောက်ဆုံးနည်းကတော့

ပါဝင်ပစ္စည်း –  သခွားသီး၊ ဆနွင်း၊ သံပုရာသီး

သခွားသီးကိုအရည်ကြိတ်ပြီး ရလာတဲ့ အနှစ်ကိုအရည်ညစ်ပါ သခွားရည်ထဲကို ဆနွင်းနည်းနည်း၊ သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီရောမွှေပေးပါ။

ရရှိလာမယ့်အရည်ကိုချိုင်းပေါ်သုပ်လိမ်းပေးပြီးမိနစ်၃၀ထားပြီးရေအေးနဲ့ဆေးချပေးရပါမယ်။

တစ်ရက်ခြားတစ်ခါ(သို့)တစ်ရက်တစ်ခါလုပ်ပေးခြင်းဖြင့်ထိရောက်မှုကိုခံစားရမှာဖြစ်ပါတယ်။

Loading...