Moisturizer ကိုခြောက်သွေ့သောအသားအရည်၏ အပေါ်တွင် အစိုဓါတ်ပြန်လည်ရရှိအောင် အသုံးပြုပါသည်။ မိမိအသားအရည်သည် မည်သည့် ပါဝင်ပစ္စည်းများနှင့် ဓါတ်မတည့်သည်ကို မှတ်သားထားသင့်ပါသည်။ Lanolin, glycerin စသည့် ပစ္စည်းများပါဝင်မှုရှိ မရှိကို အရေပြား အထူးကု ဆရာဝန်နှင့်သေချာတိုင်ပင်သင့်ပါသည်။ အကယ်၍ သင်၏ အသားအရည်သည် အထိအခိုက် မခံသည့် အသားအရေဖြစ်ပါကချွေးပေါက်များကို မပိတ်ဆို့စေသည့် hypoallergenic mosituriser (non comedogenic) မျိုးကို သုံးစွဲသင့်သည်။

မျက်ကွင်းညိုခြင်းသည် ကွဲပြားခြားနားသော အကြောင်းအရာ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။အများဆုံးဖြစ်တတ်သော အကြောင်းအရာများမှာ ပင်ပန်းခြင်း၊ အိပ်ရေးမ၀ခြင်း၊ အရက်သောက်ခြင်းတို့ဖြစ်ပါသည်။ဓါတ်မတည့်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ သွေးအားနည်းရောဂါ၊ စိတ်ဖိစီးမှုမိမိနေထိုင်မှုပုံစံတို့ကြောင့်လည်းဖြစ်တတ်ပါသည်။

နေရောင်ခြည်ကို ကာကွယ်ပေးသည့ှ်SPF သည် အသားအရေ အမျိုးအစားပေါ်သာမက နေရောင်နှင့် ရာသီဥတု အပေါ်တွင်လည်း မူတည်ပါသည်။ နေပူသည့် ရာသီဥတုနှင့် အပြင်ဘက်ထွက်သည့် အချိန်များ ကမ်းခြေသွားသည့် အချိန်များတွင် SPF လိုပါသည်။Asia လူမျိုးများသည်SPF 15 မှ 30 အထိ လိုအပ်သောကြောင့် ပိုမိုသေချာအောင် အရေပြား အထူးကုဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။

ဝက်ခြံအမာရွတ်များကိုလျော့ချရာတွင် ခွဲစိတ်သည့် နည်းလမ်းများဖြင့်လည်း အသုံးပြုဖယ်ရှားနိုင်ပါသည်။ သဘာဝနည်းလမ်းများကို http://naturalremedyideas.com/get-rid-of-acne-scars/ တွင်ကြည့်ရှုနိုင်ပါသည်။ မှန်ကန်သည့် ခွဲစိတ်မှု(သို့) အရေပြားကုသမှုကို သင့်တော်သည့် အရေပြားဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ဆားဝက်ခြံသည် ချွေးပေါက်များကို oxidized sebum (သို့) dead skin များ ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အိမ်တွင်းနည်းလမ်းများဖြစ်သည့် သံပုရာရည်၊ ကြက်ဥအကာ၊ ပျားရည်တို့ဖြင့်လည်း သက်သာအောင်ပြုလုပ်နိုင်ပါသည်။ အခြားနည်းလမ်းများမှာ ထိခိုက်လွယ်သော အသားအရည်အတွက် salicylic acid ပါဝင်သောပစ္စည်း (သို့) ပုံမှန်အသားအရေအတွက် benzoyl peroxide ပါဝင်သောပစ္စည်းတို့ကို သုံးကြည့်သင့်ပါသည်။ အသုံးပြုနေစဉ်အတွင်း အရည်ပြားယားယံမှုကို ဖြစ်စေပါကချက်ချင်းရပ်သင့်ပါသည်။

IPL ဆ်ုသည်မှာ အသားအရေပေါ်၌တွေ့ရှိရသည့် အပြစ်အနာအဆာ အမျိုးမျိုးကို ဖယ်ရှားရန် အသုံးပြုသည့် အလှအပဆိုင်ရာ အလင်းရောင်ခြည် (laser ရောင်ခြည်မဟုတ်ပါ) ကုထုံးဖြစ်ပါသည်။ IPL ကိုသာမက ကွန်ပြူတာ ထိန်းချုပ်အလင်းကုထုံး၊ အလင်းလေဆာ၊ Multilight နှင့် ဓါတ်ရောင်ခြည်လေဆာတို့ကိုလည်း အခြားအမည်မျိုးစုံ၊ တံဆိပ်မျိုးစုံဖြင့်တွေ့နိုင်ပါသည်။

Gel ကိုသုတ်လိမ်းပြီးမှ ဖန် prism ကိုGel လိမ်းထားသောနေရာတွင် ထား၍ ကုသမည်ဖြစ်သည်။ အလင်းရောင်ခြည်များသည် ကုသမှု လုပ်မည့်ဧရိယာသို့ ၎င်းPrism မှဖြတ်သန်းဝင်ရောက်ကာ ကုသမှုကို လုပ်ဆောင်မည်ဖြစ်သည်။

IPLသည်လေဆာရောင်ခြည် resurfacing (သို့) အခြားအသားအရေ resurfacing လုပ်ထုံးလုပ်နည်းများနှင့် မတူဘဲ အချိန်ကုန် သက်သာသည့် ကုထုံးဖြစ်ပါသည်။ သင်၏ အသားအရေသည်လည်း ကုသမှုပြုလုပ်ပြီးသည့် အခါတွင် ပန်းနုရောင် (သို) ကြည်လင် ဝင်းပနေမည်ဖြစ်ပါသည်။

IPL ကုသနေစဉ် အတွင်း သင်၏ အသားအရေကို သားရေကွင်းနှင့် အသာအယာ ပစ်သကဲ့သို့ စပ်ဖျဉ်းဖျဉ်းနှင့်နွေးနွေးလေးသာ ခံစားရမည်ဖြစ်ပါသည်။

ကုသမှုကို တစ်ကြိမ် (သို့)နှစ်ကြိမ်ခံယူပြီးနောက်တွင် ရလဒ်များကိုမြင်တွေ့ ရပါသည်။ သင်၏ ဆရာဝန်ကလည်း အကောင်းဆုံး ရလဒ်များကို ရရှိရန် ဘယ်နှကြိမ် ကုသရမည်ကို ကြည့်ရှုဆုံးဖြတ်ပေးပါလိမ့်မည်။

သင်၏နေထိုင်မှု အလေ့အထပေါ် မူတည်၍ (နေရောင်ထိတွေ့မှု၊ အရေပြားစောင့်ရှောက်မှု၊ sunblock သုံးစွဲမှု) hyper pigmentation ပြဿနာများကို IPL ဖြင့် အပြီးတိုင် တိုက်ဖြတ်နိုင်ပါသည်။ မိမိ၏အသားအရေ ရင့်ရော်လာသော်လည်း IPL ကုသမှုသည် နာရီကို reset လုပ်သကဲ့သို့ အသားအရေကို ကြာရှည်စွာဖြင့် တင်းရင်းနုပျိုအောင်ပြုလုပ်ပေးနိုင်ပါသည်။ သင်၏ ဆရာဝန်ကလည်း IPL ကုသခြင်း၏ သက်ရောက်မှုသည် တစ်ဦးချင်းစီအပေါ် မူတည်၍ မည်မျှကြာရှည်ခံမည်ကို ခန့်မှန်းနိုင်ပါသည်။

Botox သည် နှစ်ပေါင်းများစွာ ထပ်ခါ တလဲလဲကြွက်သားကျုံ့ခြင်းများဖြစ်သော မျက်မှောင်ကြုံ့ခြင်း၊မျက်စိမှေး၍ကြည့်ခြင်း မျက်လုံးနားတွင် ကျီးကန်းခြေထောက်ကဲ့သို့ အရေးအကြောင်းများဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းတရားများဖြစ်ပါသည်။ သင်၏ အထူးကုဆရာဝန်မှ ထိုကဲ့သို့ ကြွက်သားလှုပ်ရှားမှုကို ယာယီလျှော့ချပေးရန်အတွက် Botox ကိုကြွက်သား အတွင်းသို့ ထိုးပေးပါလိမ့်မည်။ ထိုးပြီးသည့်အခါ၌ သင်၏မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် တင်းရင်းချောမွေ့ သွားသည်ကို သတိထားမိ လာပါလိမ့်မည်။

အချို့သော လူနာများ၏ပြောကြားချက်အရ botox ထိုးသည့် အခါတွင် လက်သည်းဖြင့်ဆိတ်သလောက်သာ နာကျင်သည့် ခံစားချက် ရှိသည်ဟု သိရှိရပါသည်။ သင်၏specialist သည် ကုသမည့် ဧရိယာကို ထုံကျင်စေရန် အတွက်ရေခဲကပ်ပေးပါလိမ့်မည်။ သင်စိုးရိမ် ပူပန်နေလျှင်လည်း specialist သည် ကုသမှုမပြုလုပ်ခင် ထုံဆေး cream ကို လိမ်းပေးပါလိမ့်မည်။

သင်၏ specialist သည် သင့်လျော်သည့် ကုသမှုပေးနိုင်ရန် သင့်မျက်နှာကို စစ်ဆေးဆုံးဖြတ်ပြီးမှ ကုသမှုကိုဆွေးနွေးပေး ပါမည်။ Botox ထိုးသည့် အမှန်တကယ် ကြာမြင့်ချိန်မှာ ၁၀ မိနစ်ခန့်သာ ကြာပါသည်။

Botox သည် များစွာသော မျက်စိနှင့်နဖူးပေါ်ရှိ အရေးအကြောင်းများ၊ မျက်နှာပေါ်ရှိ အရေးအကြောင်းများကို ကုသပေးနိုင်ပါသည်။

၂၄ နာရီမှ ၄၈ နာရီအတွင်း အရေးအကြောင်းများ တဖြည်းဖြည်းလျော့နည်းလာသည့် ရလဒ်ကို စတင်သတိပြုမိလာမည်ဖြစ်ပြီး ၎င်းအကျိုးရလဒ်များသည် ၄လမှ၆လအထိ ကြာရှည်ခံပါသည်။

ကုသမှုပြီးသည့် အခါတွင်လည်း သင်၏ တစ်နေ့တာကို ပုံမှန်အတိုင်းပြန်လည် စတင်လုပ်ဆောင်နိုင်ပါသည်။ အရေးအကြောင်းများသည် ၁၀ရက်ခန့်သာ ရှိသော အချိန်တိုအတွင်းတွင်လျော့ပါ:သွားမည်ဖြစ်ပြီး သင်၏ specialist သည်လည်း တိကျသည့်ညွှန်ကြားချက်များ (aftercare)ကိုပေးပါလိမ့်မည်။

Facial Fillers များသည် သဘာဝကျကျgel များဖြစ်ပြီး filler ထိုးခြင်းဖြင့် အိုမင်းသော အသားအရေကို တင်းရင်းလာခြင်း၊ နှုတ်ခမ်းများကို ထူလာခြင်းနှင့်လျော့ကျနေသော အရေးအကြောင်းများကို ပင့်တင်ပေးခြင်း တို့ကိုပြုလုပ်ပေးနိုင်ပါသည်။Filler အများစုတွင် ပါဝင်သော hyaluronic acid သည် အရေပြား၏ သဘာဝအစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ Fillersထိုးပြီးသည့်အခါ filler သည် လိုအပ်သည့် ထုထည်ကို ဖန်တီးပေးသည့် အလုပ်ကို လုပ်ဆောင်ပေးပါသည်။

အလွန်သေးငယ်သည့် ပမာဏမျှသာ ရှိသော ကြည်လင်သည့် Gel ကို အရေပြားအတွင်းသို့ ထိုးသွင်းမည်ဖြစ်ပါသည်။ ထိုGel သည် မျက်လုံးအောက်ရှိ အရေးအကြောင်းများကို ပင့်တင်ပေးပြီး တင်းရင်းချောမွေ့အောင်ပြုလုပ်ပေးပါသည်။ Filler သည် နှုတ်ခမ်းသား ထူလာစေရန် (သို့) မျက်နှာပုံစံပေါ်လွင် ထင်ရှားအောင် လိုအပ်သည့် ပုံသဏ္ဍန်ကိုပြုလုပ်ပေးနိုင်ပါသည်။

ဓါတ်တည့်မှုရှိမရှိကို စမ်းသပ်ရန် လိုအပ်ပြီး ကုသခြင်းကို တိုင်ပင်ဆွေးနွေးသည့်အခါတွင် တစ်ခါတည်း လုပ်ဆောင်နိုင်ပါသည်။ ကုသချိန်သည် ၁နာရီဝန်းကျင် ကြာမြင့်တတ်ပါသည်။ မိမိလိုချင်သည့်ပြင်ဆင်ပြောင်းလဲမှုပေါ်တွင် မူတည်၍လည်း ကုသချိန်ကွဲပြားမှု ရှိပါသည်။

Fillersသည် အရေပြားကို တင်းရင်းစေရန်၊ နှုတ်ခမ်းကိုထူစေရန်နှင့် မျက်နှာကို လှပအောင်ပုံဖော်သည့်နေရာတွင် အသုံးပြုပါသည်။ အများဆုံး ကုသသည့်နေရာများမှာ nasolabial folds ,ညွှတ်ကျသာ့်ပါးစပ်ထောင့်များ၊ ပါးလွှာသော နှုတ်ခမ်းများသာမက အခြားနေရာများကိုလည်း ကုသပေးနိုင်ပါသည်။

လူအများစုသည် အထူးသဖြင့်ဆေးထိုးလျှင် အရမ်းနာကျင်မှု မရှိအောင် ကုသမှုမပြုမီရေခဲကပ်ပါသည်။ နာကျင်ခြင်းကို စိုးရိမ်ပူပန်လျှင် ထုံကျင်စေသည့် cream ကို လိမိးနိုင်ပါသည်။

ရလဒ်များကို ကုသပြီးသည့်နောက်တွင် ချက်ချင်းမြင်တွေ့နိုင်မည်ဖြစ်သော်လည်း ၁ ပတ် ခန့် အကြာ ရလဒ်များ ဆက်လက်တိုးတက်ပြောင်းလဲနေမည်ဖြစ်သည်။

Filler ကုသခြင်း၏ အကျိုးသက်ရောက်မှု ကြာရှည်ခံချိန်သည် တစ်ဦးချင်းစီနှင့် များစွာသောအချက်များဖြစ်သည့် အရေပြား ဖွဲ့စည်းတည်ဆောက်ပုံ၊ ကုသသည့်ဆေးခန်း၊ လူနေမှုပုံစံ၊ အသက်အရွယ်၊ လိုအပ်သည့်ပြည့်စုံမှုနှင့်ဆေးထိုးသည့် အချိန်တွင် အသုံးပြုသည့် technique စသည်တို့ပေါ်တွင် မူတည်ပါသည်။ Fillers များသည် လှုပ်ရှားမှု နည်းသည့်နေရာများဖြစ်သည့် မျက်လုံးတစ်ဝိုက်နှင့် ပါးတို့တွင် ၁၂ လအထိ ကြာရှည်ခံပါသည်။ ပါးစပ်တစ်ဝိုက်နှင့်နှုတ်ခမ်းတို့တွင် ပုံမှန်အားဖြင့် ၄ လမှ၆လအထိ ကြာရှည်ခံပါသည်။

Loading...