Dr.Aung Thurein Tun

M.B.,B.S, M.Med.Sc (Surgery)

Dr.Med.Sc(Plastic Surgery)

SAMA – 17408

Plastic & Reconstructive Surgeon (အစားထိုးပြုပြင်ခွဲစိတ်အထူးကုဆရာဝန်ကြီး)

ဒေါက်တာအောင်သူရိန်ထွန်းသည် မင်္ဂလာဒုံဆေးရုံကြီး၏မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့်အစားထိုးပြုပြင်ခွဲစိတ်ကုဌာန/ Grand Hantha International Hospital နှင့် The Clinic De Novo Aesthetic & Plastic Surgery Center တွင်လက်ရှိတာဝန်ထမ်းဆောင်နေသောခွဲစိတ်အထူးကုဆရာဝန်ကြီး ဖြစ်ပါသည်။

၎င်းဌာနသို့မရောက်မီ Dr. Med. SC (Plastic Surgery) ဘွဲ့ကိုမြန်မာနှင့်သြစတေးလျနိုင်ငံပူးပေါင်းဖွင့်လှစ်ပြီး Interplast Australia နှင့် New Zealand အဖွဲ့၏ထောက်ပံ့မှုဖြင့်မြန်မာနှင့်မဲလ်ဘုန်းမြို့ သြစတေးလျနိုင်ငံတို့တွင်စာတွေ့လက်တွေ့သင်ယူရရှိခဲ့ပါသည်။

ဆေးတက္ကသိုလ်တွင်ပထမဦးဆုံးမြန်မာနှင့် သြစတေးလျမှ professor များပူးပေါင်းဖွင့်လှစ်ပြီးရန်ကုန်ဆေးတက္ကသိုလ် (၁) နှင့် သြစတေးလျနိုင်ငံမှ Melbourne မြို့တွင်ခွဲစိတ်ပြုပြင်ခြင်းများကို (2015 – 2018) ၃နှစ်တာကာလအတွင်းစာတွေ့လက်တွေ့ သင်ယူခဲ့ပါသည်။

ဦးခေါင်းမျက်နှာနှင့်၊ လည်ပင်းအစားထိုးခွဲစိတ်ပြုပြင်မှုများကိုမြန်မာနိုင်ငံတွင်သာမက သြစတေးလျနိုင်ငံ Melbourne မြို့တွင်ကျွမ်းကျင်တတ်မြောက်ခဲ့ပြီး မျက်နှာအလှအပနှင့် မျက်လုံးတစ်ဝိုက်ခွဲစိတ်ပြုပြင်မှုများကို သြစတေးလျရှိ Dandenong ဆေးရုံနှင့် St. Vincent plastic surgery ဌာနများတွင်လေ့လာသင်ယူတတ်မြောက်ခဲ့ပါတယ်။ အရေပြား၊ ဦးခေါင်း၊ မျက်နှာ၊လည်ပင်းရှိချို့ယွင်းချက်များ၊ပုံစံမကျမှုများနှင့်သက်ဆိုင်သောမည့်သည့်ခွဲစိတ်ကုသမှုပုံစံကိုမဆိုကျွမ်းကျင်စွာခွဲစိတ်ပြုပြင်နိုင်ပါသည်။

ကိုယ်တိုင်ရေးကျမ်း (Thesis) တွင် ပခုံးမှအသားကိုမျက်နှာနှင့်လည်ပင်းတွင်အစားထိုးကုသမှု (Supraclavicular fasciocutaneous flap for head and neck reconstruction) ကို သြစတေးလျနိုင်ငံ Goldcoast တွင်ပြုလုပ်သောအပြည်ပြည်ဆိုင်ရာနိုင်ငံတကာ plastic surgery conference (PSC-2017)တွင်တင်သွင်းခဲ့သည်။

သြစတေးလျနိုင်ငံမှဆေးရုံအုပ်ကြီး Professor Dr. Michael Leung (Director of plastic and Reconstructive Surgery, Monash Health, Melbourne) အရိုးဆေးရုံကြီးအစားထိုးပြုပြင်ခွဲစိတ်မှုဌာနမှူး Professor Dr. Myint Myint Khaing ရန်ကုန်ဆေးရုံကြီးအစားထိုးပြုပြင်ခွဲစိတ်မှုဌာနမှူး Professor Dr. Moe Thuzar စသည့်ဆရာများထံမှ စာတွေ့လက်တွေ့သင်ယူတတ်မြောက်ခဲ့ပါသည်။

အဓိကခွဲစိတ်မှုများ

Specialized in Head & Neck reconstruction (မျက်နှာ၊ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ပြုပြင်အထူးပြု)

Loading...