နေလှောင်ဒဏ်ကြောင့် မျက်နှာပြင် နှင့်တစ်ကွ လက်မောင်း၊ ခြေထောက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်း တို့တွင် အသားအရည် အရောင် မညီမညာဖြစ်ခြင်း များကို ပျောက်ကင်းအောင် ကုသပေးသည့် ကုထုံးဖြစ်သည်။ အသားအရည် အရောင်မညီညာခြင်းများကို ပျောက်ကင်းစေသည့် အပြင် Collagen (ကော်လာဂျင်ဓါတ်)ကို ဖြစ်ပေါ်စေကာ Cell (ဆဲလ်) အသစ်များကို ပြန်လည်ရစေပြီး အိုမင်းရင့်ရော်မှုများကို လျော့ပါးစေသော ကုထုံးဖြစ် ပါသည်။
Diamond အမှုန်လေးများရဲ့ အံ့မခန်းနိုင်တဲ့ အစွမ်းတော့ အသားအရည်ကို ကလေးငယ်တစ်ယောက်ရဲ့ အသားအရည်ကဲ့သို့ နူးညံ့ချောမွေ့သော အသားအရည်အဖြစ် ပြောင်းလဲပေးစွမ်းနိုင်ခြင်း၊ Cell (ဆဲလ်) အသေတွေကို ဖယ်ရှားပေးပြီး သွေးလည်ပတ်မှုကောင်းမွန်စေခြင်း Collagen (ကော်လာဂျင်ဓါတ်) အထွက်နှုန်းကို တိုးမြင့်ပေးသောကြောင့် ခွဲစိတ်ပြုပြင်ရန်မလိုပဲ အပြစ်အနာအဆာကင်းပြီး ချောမွေ့နူးညံ့သော အသားအရည်ကို ပိုင်ဆိုင်နိုင်စေမည့် ကုထုံးတစ်ခုဖြစ်ပါသည်။
အလင်းစွမ်းအင်ကို အပူစွမ်းအင်အဖြစ်ပြောင်းလဲကာ အရေပြားရှိCollagen အဟောင်းများကိုဖယ်ရှားပြီး Collagen အသစ်ပြန်လည်မွေးဖွားလာခြင်းဖြင့် အသားအရည်ကို နုပျိုကာဖြူဝင်းစေပါသည်။