ခန္ဓာကိုယ်ရုတ်တရက်ဝခြင်း၊ လေ့ကျင့်ခန်းအလွန်အကျူးလုပ်ခြင်း၊ကိုယ်ဝန်ဆောင်ရခြင်း၊ အခြားဟော်မုန်း အပြောင်းအလဲ ဖြစ်ခြင်းနှင့် Steroid ဟုခေါ်သောလိမ်းဆေးများ အလွန်အမင်းလိမ်းခြင်း စသည်တို့ကြောင့် ဖြစ်ပေါ်တက်သော Streach Marks အကြောပြတ်ကြောင်းများကို သက်သာပျောက်ကင်းအောင် Laser နှင့် Fractional Radiofrequency တို့ဖြင့် ကုသပေးသော ကုထုံးဖြစ်ပါသည်။
Strench Marks Removal ပြုလုပ်မည့်နေရာနှင့် အရွယ်အစားပေါ်မူတည်ပြီး ကုသမှုအကြိမ်ရေ မှာကွာခြားသွားနိုင်ပါသလို ပျောက်ကင်းနိုင်မှု အချိန်လည်းကွာခြားသွားနိုင်ပါသည်။
၁။ Strech Marks Removal Laser Treatment ကုသမှုခံယူပြီစတွင် အနည်းငယ် နီမြန်းတတ်ပါသည်။ စိုးရိမ်ရန် မလိုပါ။ (၄၅) မိနစ် (သို့) (၂/၃) ရက်အတွင်း ပျောက်ကင်းသွားပါမည်။ တစ်ယောက် နှင့် တစ်ယောက် အသားအရည် မတူညီသည့်အတွက် သက်သာပျောက်ကင်းမှုလည်း မတူညီပါ။
၂။ နေပူထဲသို့ သွားလျှင် အကာအကွယ်ဖြင့် သွားရန်လိုအပ်သည်။ (ဥပမာ – ထီးဆောင်းခြင်း၊ SPS 50ပါသော Suncream တစ်မျိုးလိမ်းပေးခြင်း၊ Aloevera ပါဝင်သောရေဓါတ်ဖြည့် Cream တစ်မျိုးမျိုးလိမ်းပေးခြင်းများကို ပြုလုပ်သင့်ပါသည်။)
၃။ မကုတ်ဖဲ့သင့်ပါ။ ချွေးထွက်လွန်သော အားကစားများပြုလုပ်ခြင်းကို ခေတ္တရပ်နားထား ရပါမည်။ ရေနွေးဖြင့် ရေချိုးခြင်းအားရှောင်ကြဉ်ရပါမည်။ ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းများ မပြုလုပ်သင့်ပါ။
၎။ ချွေးထုတ်ခန်း မသွားသင့်ပါ။ Aloevera ပါဝင်သောရေဓါတ်ဖြည့် Cream တစ်မျိုးမျိုးလိမ်းပေးခြင်းများကို ပြုလုပ်သင့်ပါသည်။ ဆရာဝန်မှ ညွှန်ကြားထားသော လိမ်းဆေး သောက်ဆေးများကို အချိန်မှန်မှန် အသုံးပြုသင့်ပါသည်။